Yllix

ဝ ​တောင်​ပိုင်းတံဆိပိwy 999အနီ​ရောင်​ စိတ်​ကြွ​ဆေး​လေးသန်းနှစ်​သိန်းအား ချင်းရိုင်းခရိင်​အတွင်းဖမ်းဆီးရမိ

"၀" တောင်ပိုင်းတဆိပ် wy 999 အနီရောင် စိတ်ကြွဆေး လေးသန်းနှစ်သိန်းအား ချင်းရိုင် ခရိုင်အတွင်းဖမ်းဆီးရမိ
=========================
၁၀-၆-၂၀၁၇
ထိုင်းနိုင်ငံမြောက်ပိုင်း တပ်မဟာ (၃) နယ်မြေ တပျမှူး ထနာ ကြာရုဗက် Thana Charuvat,ဦးဆောင်ပြီးလုပ်ခဲ့တဲ့ ယနေ့ သတင်းစာရှင်းလင်းပွဲမှာ ဇွန်လ၉ရက်နေ့ ည ၇.၃၀ အချိန်မှာ ချင်းရိုင်ဒေသ ၀င်ကန် ခရိုင်အတွင်းမှာ မောင်းနှင်လာတဲ့ အဖြူရောင် တိုယိုတာကား တစီးပေါ်မှာ ဆာလာအိပ်၁၆
ထုတ်နဲ့ ထည့်ထားတဲ့ wy ၉၉၉ တဆိပ်အနီရောင် ရာဘ စိတ်ကြွဆေး ၄၂၀၀၀၀၀ ကို ဖမ်းမိခဲ့တာလို့ သတင်းထောက်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

နယ်ခြားစောင့်တပ်နဲ့ မူးယစ်နိမ်နင်းရေးအဖွဲ့ ဟာ နယ်ခြားဝင်ပေါက်တွေမှာ ပိတ်ဆိုးရှာဖွေနေတာကို သိသွားခဲ့လို့ ကားမောင်းလာတဲ့သူကတော့ ကားကိုထားပြီးတောတွင်းကို ထွက်ပြေးသွားတယ်လို့  ဆိုပါတယ်။

ခုလို ထိုင်းမြောက်မှာ အများဆုံးဖမ်းမိခဲ့တဲ့ စိတ်ကြွဆေးတွေဟာ ၀တောင်
ပိုင်းဒေသထုတ် မူးယစ်ဆေးဝါးတွေဖြစ်တယ်၊စိတ်ကြွဆေးတွေ သန်းရာနဲ့ ချီ
ပြီး နယ်စပ်လမ်းကြောင်းတွေကနေ သယ်လာမယ့် သတင်းတွေကို ကြိုတင်
ရရှိထားပြီး လမ်းကြောင်းတွေအားလုံးပိတ်ဆို့  စောင့်ကြည့်နေတယ်လို့ 
အမှတ်သုံး တပျမှူးထနာက ထုတ်ဖေါ်ပြောကြားသွားပါတယ်။
SAW
bangkokbiznews
#Social Action for Children and Women - SAW
Credit


No comments:

Powered by Blogger.